The Baby Box

ကျွန်ုပ်တို့၏ မီဒီယာသစ်

မိဘသစ်များ သင့်ကို လိုအပ်ချိန်မှာ သူတို့ဆီကို ရောက်ရှိရန် တစ်ခုတည်းသော နည်းလမ်း

Baby Box သည် ရိုးသားသည့် ကတိနှစ်ခုဖြင့် ထုတ်ကုန်နှင့် ကုန်အမှတ်တံဆိပ် ဈေးကွက်မဟာဗျူဟာတစ်ခု ဖြစ်ပါသည်။ ယင်း ၂ ခုမှာ…

  • ၁။ လူငယ်မိဘများကို ၎င်းတို့၏ အလှပဆုံးအချိန်အခါမှာ ပံ့ပိုးကူညီပေးရန်
  • ၂။ ကလေးမွေးဖွားချိန်ကစပြီး ကလေးငယ်ရဲ့ဘဝ အစောပိုင်းနှစ်တွေအထိ ၎င်းတို့ရဲ့ဘဝ လွယ်ကူစေရန်ရည်ရွယ်ပြီး မိသားစုများအတွက် စစ်မှန်သည့် ဖြေရှင်းမှုများ ပေးနိုင်သည့် ဈေးကွက်ထဲမှ အကောင်းဆုံး အမှတ်တံဆိပ်တွေကို မိတ်ဆက်ပေးရန် ဖြစ်ပါသည်။

Baby Box သည် သတင်းဂျာနယ်၊ ဒစ်ဂျစ်တယ်နှင့် အခြားသော မီဒီယာမဟာဗျူဟာများကို အခြေခံပြီး တည်ထွင်ဆန်းသစ်ထားပါသည်။  ကုန်အမှတ်တံဆိပ်များနှင့် မိသားစုများ၏ အဓိက စိတ်ဝင်စားမှုများကို ချိတ်ဆက်ပေးရန်အတွက် နည်းလမ်းသစ်တစ်ခုကိုလည်း Baby Box က ပေးထားပါသည်။

Happy Agency က Baby Box မှတစ်ဆင့်  မိဘသစ်များနှင့် ဆက်သွယ်ပြောဆိုကာ ကုမ္ပဏီကြီးနှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

ကြော်ငြာရှင်၏ တိကျသည့် ရည်မှန်းချက်များနှင့်ဆက်စပ်နေသည့် သုံးစွဲသူ
စိတ်ဝင်စားမှုများနှင့် လိုအပ်ချက်များကို ကျွန်ုပ်တို့မီဒီယာကဖ်ာထုတ်ပေးပါသည်။

ကြော်ငြာရှင်၏ တိကျသည့် ရည်မှန်းချက်များနှင့်ဆက်စပ်နေသည့် သုံးစွဲသူ စိတ်ဝင်စားမှုများနှင့် လိုအပ်ချက်များကို ကျွန်ုပ်တို့မီဒီယာက ဖော်ထုတ်ပေးပါသည်။ လူကြီးမင်းက မိမိကုန်အမှတ်တံဆိပ် လူသိများစေရန်၊ ကုန်ပစ္စည်းများ စမ်းသပ်ရန် သို့မဟုတ် သတင်းအချက်အလက်များ မျှဝေရန်အတွက် ရှာဖွေနေသူဆိုလျှင် Baby Box က ယင်းအချက်များကို ပြုလုပ်ရန်အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။

ကလေးငယ်တစ်ယောက် မွေးဖွားချိန်ကစပြီး အစောပိုင်းနှစ်များအထိ Baby Box က မိသားစုသစ်များနှင့် ဆက်သွယ်ပြောဆိုရာမှာ ဦးဆောင်သွားမှာ ဖြစ်ပါသည်။ ယင်းအချိန်မှာ မိသားစုသစ်များက ၎င်းတို့နှင့် ၎င်းတို့ရဲ့ကလေးငယ်လေးတွေအတွက် သတင်းအချက်အလက်တွေ ပိုမိုကောင်းမွန်တဲ့ကုန်ပစ္စည်းတွေကို အမြဲမပြတ် ရှာဖွေနေချိန် ဖြစ်ပါသည်။ The Baby Box မှ ကြော်ငြာရှင်များအတွက်  ကြားဝင်ဆောင်ရွ က်ခြင်းအားဖြင့် ယင်းမိသားစုများအတွက် အကောင်းဆုံး အဖြေများကို ယူဆောင်ပေးမည် ဖြစ်ပါသည်။

နမူနာလက်ဆောင်များ ပးပို့ခြင်း

အခွင့်အရေးအကောင်းဆုံး အချိန်မှာ လူကြီးမင်းတို့၏ ထုတ်ကုန်များ၊ နမူနာများ၊ လက်ကမ်းစာစောင်များ သို့မဟုတ် ဒစ်စကောင့်ကူပွန်များကို Baby Box လက်ဆောင်ဗူးထဲတွင် ထည့်ပြီး  ပေးပို့ပေးပါသည်။

လူကြီးမင်း၏ ကုန်ပစ္စည်း သို့မဟုတ် ကြော်ငြာမှုက မိဘများလက်ထဲကို ရောက်ရှိသွားစေရပါမည်။

နမူနာလက်ဆောင်များပေးပို့ခြင်းက သုံးစွဲသူသစ်များကို စွဲဆောင်ရန် အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။

သင် ရည်ရွယ်သည့် သုံးစွဲသူအနေနှင့် တကယ်လိုအပ်သည့်အချိန်မှာ ဆက်သွယ်ရန်အတွက် Baby Box က အကောင်းဆုံး နည်းလမ်း ဖြစ်ပါသည်။ တကယ်လိုအပ်သည့်အချိန်မှာ လက်ဆောင်ရရှိသည့်အတွက် ကျေကျေနပ်နပ်လက်ခံကာ ကျေးဇူးတင်နေမည် ဖြစ်ပါသည်။

တခြားမီဒီယာများမှာ ပုံမှန်ကြော်ငြာနေခြင်းထက်လည်း ရလဒ်က ပိုမိုကောင်းမွန်မည် ဖြစ်ပါသည်။

လိုအပ်ချက် ပည့်မီခြင်း

မိခင်လောင်းတစ်ယောက်က အောက်ပါ အကြောင်းပြချက်များကြောင့် ကိုယ်ပိုင် Baby Box တစ်ခု ထားရှိရန် တောင်းဆိုပါသည်။

  • Baby Box လက်ဆောင်ဘူးကို ရရှိသည့်အတွက် ဂရုစိုက်ခံရသည့် ခံစားချက်ကို သူ ခံစားရပါသည်။
  • ကလေးနှင့် သက်ဆိုင်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်များအကြောင်း သူ ပိုမို သိချင်ပါသည်။
  • သီးသန့်ရွေးချယ်ထားသည့် ကုန်အမှတ်တံဆိပ်တွေထဲမှာ ကူညီပေးနိုင်တဲ့ ကွန်ရက်တစ်ခု ရှိတယ်လို့ သူ့အနေနဲ့ ခံစားရပါသည်။

မိခင်ငယ်လေးများအတွက် အပျော်ရွှင်ဆုံးအချိန်မှာ Baby Box နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းက ကုန်အမှတ်တံဆိပ်အပေါ် အကောင်းမြင်ပြီး သတိပြုမှုရရှိမှာ ဖြစ်ပါသည်။

ကျွန်ုပ်တို့ပေးအပ်သော ကတိ

ကျွန်ုပ်တို့က လူကြီးမင်း ရည်ရွယ်သော သုံးစွဲသူထံ ရာနှုန်းပြည့်ရာက်ရှိနိုင်သည့် တစ်ခုတည်းသော မီဒီယာဖြစ်ပါသည်။

Baby Box က ပးသည့်အရာများ

အရောင်းမြှင့်တင်ရေးနှင့် သင့်ကုန်အမှတ်တံဆိပ် လူသိများလာစေရန် Baby Box က ဝန်ဆောင်မှုပေးပါသည်။

  • Baby Box ပေးပို့ခြင်း

    တစ်နှစ်လျင် Baby Box ၂၄၀,၀၀၀ ကို ဆေးရုံဆေးခန်းများရှိ သွားဖွားဆောင်က မိခင်များဆီ တိုက်ရိုက်ပို့ပေးသွားမည်ဖြစ်ပါသည်။

    အရမ်းအရေးပါပြီး စိတ်လှုပ်ရှားနေသည့် ယင်းအချိန်မျိုးမှာ ငယ်ရွယ်သည့် မိဘ ၄၈၀,၀၀၀ ဆီကို နှစ်စဉ်ရောက်ရှိမည်ဖြစ်ပါသည်။

    အများစု ရောက်ရှိသည့် နေရာများမှာ…

    • ပဲခူးတိုင်း
    • မန္တလေးတိုင်း
    • နေပြည်တော်
    • စစ်ကိုင်းတိုင်း (တောင်ပိုင်း)
    • ရှမ်းပြည်နယ် (မြောက်ပိုင်း)
    • ရန်ကုန်တိုင်း
  • ဗီယက်နမ်

    တစ်နှစ်လျင် Baby Box ၃၆၀,၀၀၀ ကို ဆေးရုံဆေးခန်းများရှိ သွားဖွားဆောင်က မိခင်များဆီ တိုက်ရိုက်ပို့ပေးသွားမည်ဖြစ်ပါသည်။ အရမ်းအရေးပါပြီး စိတ်လှုပ်ရှားနေသည့် ယင်းအချိန်မျိုးမှာ ငယ်ရွယ်သည့် မိဘ ၇၀၀,၀၀၀ ဆီကို နှစ်စဉ်ရောက်ရှိမည်ဖြစ်ပါသည်။

    အများစုရောက်ရှိသည့်နေရာများမှာ

    • Hanoi,
    • Haiphong
    • Da nang
    • Ho Chi Minh
    • Binh duong